၁။ အလွန်အမင်းဝေးသောရိုက်ချက် (Extreme Long Shot)
အလွန်အမင်းဝေးသောရိုက်ချက်ကို
အတိုကောက်အားဖြင့် XLS သို့မဟုတ် ELS ဟု ခေါ်ကြပါသည်။ အလွန်ကျယ်သောရိုက်ချက် သို့မဟုတ်
အလွန်ထောင့်ကျယ်သောရိုက်ချက် ဟုလည်း ဆိုကြပါသည်။ ထို့ ကြောင့် အလွန်အမင်းမြင်ကွင်းကျယ်ရိုက်ချက်
(Extreme Wide Shot) ဟုလည်းခေါ်ကြပါသေးသည်။
|
ကင်မရာသည်
အရာဝတ္ထုနှင့်အဝေးဆုံးနေရာတွင် ရှိပါသည်။ ပြင်ပရိုက်ကွင်းများမှာ အသုံးပြုကြပါ သည်။
သရုပ်ဆောင်ဧ။်နောက်ခံများနှင့်ပတ်ဝန်းကျင်များကို အဓိကထားပြီး ရိုက်ကူး ပါသည်။ သရုပ်ဆောင်နှင့်
အတူ အခြားမြင်ကွင်းများစွာပါဝင်သောကြောင့် ရိုက်ချက်ဘောင် အတွင်းတွင် ပတ်ဝန်းကျင်အကြောင်းအရာ
များစွာကိုဖော်ပြသော ရုပ်ပုံတစ်ခုကို ဖြစ်စေပါသည်။
|
အလွန်ဝေးသောနေရာမှရိုက်ကူးသည့်အတွက်
သရုပ်ဆောင်သူကို တခါတရံ ကျား၊မ ခွဲခြားရန်ပင် ခက်ခဲပါသည်။ သို့သော် မြင်ကွင်းသည်
ကျေးလက်ဒေသလား၊ မြို့ဆင်ခြေဖုံးလား၊ တောင်ပေါ်ဒေသလား၊ မြစ်ကမ်းဘေးလား၊ ဈေးလား စသည်ဖြင့်
နေရာကိုတွေ့မြင်နိုင်ပါသည်။ ထို့အပြင် နေ့၊ ည၊ နွေရာသီ၊ ဆောင်း ရာသီ၊ အလွန်ဝေးသောအတိတ်ကာလ၊
ပစ္စုပ္ပန်အချိန်၊ အနာဂတ်အချိန် စသည်ဖြင့် အချိန်ကိုလည်း သိရှိနိုင်ပါ သည်။ လူပုဂ္ဂိုလ်နှင့်ပတ်သက်၍
စစ်သားများချီတက်လာခြင်း၊ လူများစုဝေးနေခြင်း၊ လူအများအလုပ်လုပ်နေ ခြင်း၊ လူတစ် ယောက်လမ်းလျှောက်လာခြင်း
စသည့်သတင်းအချက်အလက်များကို ဖော်ပြပေးနိုင်ပါသည်။ ယေဘူယျကျသော အကြောင်းအရာအချက်အလက်ကိုသာလျှင်ဖော်ပြပေးပြီး
အသေးစိတ် အချက်အလက် များကိုမူ မဖော်ပြနိုင်ပါ။
|
ဇာတ်လမ်းတစ်ခုအစပိုင်း သို့မဟုတ် ဇာတ်လမ်းထဲမှ
ဇာတ်ဝင်ခန်းအစဉ်(Sequence)အသစ်ဧ။် အစပိုင်းတွင်အသုံးပြုသော စဦးရိုက်ချက် (မှန်ကန်ကြောင်းသက်သေပြသော ရိုက်ချက်)
(Establishing shot) အဖြစ်အသုံး ပြုကြပါသည်။ ထို့အပြင် ဇာတ်ဝင်ခန်းတစ်ခုကို စတင်ရန် အတွက်
အဖွင့်ရိုက်ချက် (Opening shot) အဖြစ်လည်း အချို့က အသုံးပြုကြပါသည်။ ဤရိုက် ချက်ကို
စဦးရိုက်ချက် သို့မဟုတ် အဖွင့်ရိုက်ချက် အဖြစ် အသုံးပြုကြခြင်းမှာ ပရိတ်သတ် အား ဤအဖြစ်အပျက်သည်
မည်သည့်နေရာတွင် ဖြစ်နေပါသည် ဆိုသည့်အချက်ကို ဖော်ပြ လိုသော ရည်ရွယ်ချက်ကြောင့် ဖြစ်ပါသည်။
|


