အလယ်အလတ်အနီးကပ်ရိုက်ချက်သည်
ဦးခေါင်းနှင့်ပခုံးကိုသာတွေ့မြင်ရသော ရိုက်ချက် အမျိုး အစား ဖြစ်ပါသည်။ အတိုကောက်အားဖြင့်
MCU ဟုခေါ်ပါသည်။ ရိုက်ချက်ဘောင်ဧ။် အောက်အနားမျဉ်း သည် သရုပ်ဆောင်ဧ။်ရင်ဝမှဖြတ်သွားသော
ရုပ်ပုံမျိုးဖြစ်ပါသည်။ သရုပ်ဆောင်သည် ရှပ်အင်္ကျီဝတ်ထား လျှင် အပေါ်ကြယ်သီးနှစ်လုံးကို
ရိုက်ချက်ဘောင်တွင် တွေ့မြင်နိုင်ပါသည်။ ထို့ကြောင့် အလယ်အလတ်အနီးကပ် ရိုက်ချက်ကို ကြယ်သီးနှစ်လုံးပေါ်ရိုက်ချက်
(Two Button)ဟုလည်း ခေါ်ပါသည်။
IN THE LIFE , WHICH IS SHORT , ONLY ABOUT A CENTURY ,LOVE IS A DREAM ,THAT LASTS FOREVER .
(၅) အလယ်အလတ်ရိုက်ချက် (Medium Shot)
အလယ်အလတ်ရိုက်ချက်ကို
အတိုကောက်အားဖြင့် MS ဟုခေါ်ပါသည်။ အရာဝတ္ထု သို့မဟုတ် လူပုဂ္ဂိုလ်နှင့် ၄င်းဧ။်ပတ်ဝန်းကျင်များသည်
ရိုက်ချက်ဘောင်ထဲတွင် ယေဘူယျအားဖြင့် အညီအမျှပါဝင်သည် ဟု ယူဆနိုင်ပါသည်။ ရပ်နေသောသရုပ်ဆောင်တစ်ယောက်ကို
ရိုက်မည်ဆိုလျှင် ရိုက်ချက်ဘောင်ဧ။် အောက်ခံအနားမျဉ်းသည် သရုပ်ဆောင်ဧ။်ခါးနေရာမှ ဖြတ်သွားပါသည်။
အလယ်အလတ်ရိုက်ချက်ကို ခါးရိုက်ချက် ဟုလည်း ခေါ်ကြပါသည်။ တချို့က ခါးဧ။်အောက်မှဖြတ်၍
ရိုက်ကူးကြပါသည်။ သရုပ်ဆောင်ဧ။် လက်နှစ်ဖက်သည် အောက်သို့ချထားလျှင် ခါးဧ။်အထက်မှဖြတ်၍
ရိုက်ကူးကြပါသည်။
(၄) အလယ်အလတ် အဝေးရိုက်ချက် (Medium Long Shot)
အလယ်အလတ်ရိုက်ချက်ကို
အတိုကောက်အားဖြင့် (MLS) ဟု ခေါ်ပါသည်။ ရိုက်ချက်ဘောင်ဧ။် အောက်အနားသတ်မျဉ်းသည် ရပ်နေသောလူပုဂ္ဂိုလ်အား
ခြေဖဝါးနှင့်ခြေမျက်စိနားမှ ဖြတ်သွားပါသည်။ အချို့ကလည်း ဒူးခေါင်းအောက်မှကပ်၍ ဖြတ်သွားသောရိုက်ချက်ကို
အလယ်အလတ်အဝေးရိုက်ချက် ဟုပြောကြပါသည်။ ပိုမိုအသုံးများသောရိုက်ကူးသည့်ပုံမှာ ရိုက်ချက်ဘောင်ဧ။်အောက်အနားသည်
ဒူးခေါင်းအထက်နားမှကပ်၍ ဖြတ်သွားသောပုံဖြစ်ပါသည်။ ရိုက်ချက်ဘောင်ဧ။်အောက်အနားသတ်မျဉ်းသည်
မည်သည့်နေရာတွင် ဖြတ်ရမည်ဟူသော ရွေးချယ်မှုသည် ရိုက်ချက်ထဲတွင်ပါဝင်သော လူပုဂ္ဂိုလ်ဧ။်
ဝတ်စားဆင်ယင်ထုံးဖွဲ့မှု သို့မဟုတ် ခန္ဓာကိုယ်လှုပ်ရှား မှုများအပေါ်တွင် မူတည်ပါသည်။
(၃) အဝေးရိုက်ချက် (Long Shot)
အဝေးရိုက်ချက်ကို
မြင်ကွင်းကျယ်ရိုက်ချက် (Wide Shot)ဟုလည်းခေါ်ကြပါသည်။ အတိုကောက် အားဖြင့် LS သို့မဟုတ်
WS ဟုသတ်မှတ်ကြပါသည်။ အဝေးရိုက်ချက်ကို ကိုယ်လုံးပေါ်ရိုက်ချက် ဟုလည်း ခေါ်ကြပါသည်။ ရိုက်ချက်ဘောင်ထဲတွင်
တစ်ကိုယ်လုံးပေါ်နေပြီး ဦးခေါင်းသည် ရိုက်ချက်အပေါ်ဘောင်နှင့် ထိလုနီးပါး ဖြစ်နေ၍ ခြေထောက်သည်
အောင်ခြေဘောင်နှင့် ထိလုနီးပါး ဖြစ်နေပါသည်။ ဦးခေါင်းနှင့် ခြေထောက်များကို ထင်ရှားစွာမြင်တွေ့နေရပါသည်။
(၂) အလွန်ဝေးသောရိုက်ချက် (Very Long Shot)
အလွန်ဝေးသောရိုက်ချက်ကို အတိုကောက်အားဖြင့်
VLS ဟုခေါ်ပါသည်။ မြင်ကွင်း အလွန်ကျယ်သော ရိုက်ချက် Very Wide Shot ဟူ၍လည်း ခေါ်ကြပြီး
အတိုကောက်အားဖြင့် VWS ဟုလည်း သတ်မှတ်ကြပါသည်။ ပြင်ပရိုက်ကွင်းများတွင် ရိုက်ကူးရာ၌
အသုံးပြုကြလေ့ရှိပြီး အတွင်းရိုက်ကွင်း များတွင်လည်း နေရာအလုံအလောက်ရှိလျှင် ဤရိုက်ချက်ဖြင့်
ရိုက်ကူးလေ့ရှိကြပါသည်။
၁။ အလွန်အမင်းဝေးသောရိုက်ချက် (Extreme Long Shot)
အလွန်အမင်းဝေးသောရိုက်ချက်ကို
အတိုကောက်အားဖြင့် XLS သို့မဟုတ် ELS ဟု ခေါ်ကြပါသည်။ အလွန်ကျယ်သောရိုက်ချက် သို့မဟုတ်
အလွန်ထောင့်ကျယ်သောရိုက်ချက် ဟုလည်း ဆိုကြပါသည်။ ထို့ ကြောင့် အလွန်အမင်းမြင်ကွင်းကျယ်ရိုက်ချက်
(Extreme Wide Shot) ဟုလည်းခေါ်ကြပါသေးသည်။
|
ရိုက်ချက်အမျိုးအစားအုပ်စုနှင့်အခြေခံရိုက်ချက်များ
ရိုက်ချက်ဆိုသည်မှာ
ရုပ်ရှင်၊ ဗီဒီယိုနှင့်တယ်လီဗေးရှင်း အစီအစဉ်တစ်ခုတွင် လူတစ်ယောက်၊ လှုပ်ရှားမှုတစ်ခု သို့မဟုတ် အဖြစ်အပျက်တစ်ခုကို ဓါတ်ပုံဖြင့်ဖော်ပြသော အကြောင်းအရာဧ။် အငယ်ဆုံးအစိတ်အပိုင်း
ဖြစ်ပါသည်။
ရိုက်ချက် (The Shot)
ဂီတတွင်
အခြေခံဖွဲ့စည်းသည့်ပစ္စည်းသည် နုတ် (note) ဖြစ်သည်။ ဗီဒီယိုတွင် အခြေခံဖွဲ့စည်း သည့်ပစ္စည်းသည်
ရိုက်ချက် (shot) ဖြစ်ပါသည်။ နုတ်သည် အသံအနိမ့်အမြင့်နှင့် အချိန်ကာလအပိုင်း အခြားပါသော
အသံတစ်သံဖြစ်ပါသည်။ ရိုက်ချက်သည် ရုပ်သွင်ပြင်နှင့်အချိန်ကာလအပိုင်းအခြားပါသော ရုပ်ပုံတစ်ခုဖြစ်ပါသည်။
နုတ်များကို အစီအစဉ်တကျတွဲထားလျှင် ဂီတကို ဖြစ်စေပါသည်။ ရိုက်ချက်များကို အစီအစဉ်တကျတွဲထားလျှင်
ဗီဒီယိုကို ဖြစ်စေပါသည်။ |
Subscribe to:
Posts (Atom)