.....ပျော်ရွှင်စွာ လေ့လာပါ.....

ဆန်စပါးသမိုင်း

     ဆန်သည် အချိန်ကြာမြင့်စွာကပင် မိသားစုများနှင့်ယဉ်ကျေးမှုများ၏ နှစ်သက်စရာ ဖြစ်သော အစားအစာတစ်ခု ဖြစ်ပါသည်။ ထို့အပြင် ဆန်သည် စားသုံးမှုအများဆုံးအစားအစာ တစ်ခုဖြစ်သကဲ့သို့ အနာဂတ်တွင်လည်း ဆက်လက်တည်ရှိနေမည့် သီးနှံတစ်မျိုးလည်း ဖြစ်ပါသည်။

လယ်သမားများကြီးများနှင့်လက်တစ်ကမ်းအန္တရာယ်

     ယနေ့ခေတ်ကာလသည် နည်းပညာပိုင်းဆိုင်ရာအားဖြင့် နယ်ပယ်ကဏ္ဍစုံတွင် ဖွံ့ဖြိုးတိုးတက် လျှက်ရှိသောကာလဖြစ်ပါသည်။ စိုက်ပျိုးရေးတွင်လည်း နည်းပညာဖွံ့ဖြိုးတိုးတက်မှုသည် မရပ်နားပေ။ စပါးတွင်လည်း မျိုးအသစ်များ၊ ပိုးမွှား၊ရောဂါဒဏ် ခံနိုင်သောမျိုးများ၊ ရာသီဥတုခြောက်သွေ့မှုဒဏ်ကိုခံနိုင် သောမျိုးများ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို သုံးစွဲမှုလျှော့ချပေးနိုင်သောနည်းများ စသည်ဖြင့် တိုးတက်မှုတို့သည် စုံလင်လှပေသည်။

အစားအစာအဖြစ် ဆန်၏အရေးပါမှု

     ကမ္ဘာ့လူဦးရေးတစ်ဝက်သည် ဆန်အပေါ်တွင် အပြည့်အ၀သော်လည်းကောင်း၊ တစ်စိတ် တစ်ပိုင်း အဖြစ်သော်လည်းကောင်း မှီခိုနေကြသည်ဟု ခန့်မှန်းကြပါသည်။ ကမ္ဘာပေါ် တွင်စိုက်ပျိုးသော စပါးသီးနှံ ၉၀%ကို အာရှတိုက်တွင်စိုက်ပျိုးပြီး အာရှတိုက်သားများသာ စားသုံးကြပါသည်။ အမေရိကန်တို့၏စားသုံး မှုသည် တိုးလာသည်ဟုဆိုသော်လည်း နှစ်စဉ် လူတစ်ဦးစားသုံးမှုမှာ ၂၅ပေါင် (၁၁ ကီလိုဂရမ်) ဖြစ်ပြီး အာရှတိုက်တွင်မူ နှစ်စဉ် လူတစ်ဦး စားသုံးမှုမှာ ၂၀၀ မှ ၄၀၀ ပေါင် (၉၀ မှ ၁၈၁ ကီလိုဂရမ်) စားသုံးကြပါသည်။

လယ်သမားကြီးများ ဘာ့ကြောင့်အရေးကြီး

     နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်အတွက် ကျေးလက်ဒေသကို ဖွံဖြိုး တိုးတက်အောင်လုပ်ဖို့ ဦးစွာ စဉ်းစားရပါမည်။ အဘယ့်ကြောင့်ဆိုသော် မဖွံ့ဖြိုးသေးသော နိုင်ငံတစ်နိုင်ငံတွင် ကျေးလက်နှင့်မြို့ပြကို နှိုင်းယှဉ်ကြည့်လျှင် ကျေးလက် ဒေသများကသာ များပြားနေပါသည်။ ထို့အတူ ကျေးလက်ဒေသကို တိုးတက်အောင်လုပ်မည်ဆိုလျှင်လည်း စိုက်ပျိုးရေးကဏ္ဍကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်လာပါသည်။ ကျေးလက်ဒေသ၏ အခြေခံစီးပွားရေးလုပ်ငန်းသည် စိုက်ပျိုးရေးလုပ်ငန်းပေါ်မှာ အခြေခံ ပါသည်။ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လယ်သမားများ၏ဘ၀ကို နားလည်ထားရပါမည်။ လယ်သမားများသည် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ရန်အတွက် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နေပါသည်။

ဈေးကွက်သည်သာ

     မည်သည့်သီးနှံမဆို စိုက်ပျိုးတော့မည်ဆိုလျှင် အရေးတကြီး အဓိကထား၍ စဉ်းစားကြရမည်မှာ ဈေးကွက်ပင်ဖြစ်ပါသည်။ ဈေးကွက်မရှိလျှင် သီးနှံပင်မဆိုထားနှင့် မည်သည့်ရောင်းကုန်ပစ္စည်းမှ စီးပွားရေးရှုဒေါင့်မှာကြည့်လျှင် တွက်ချေကိုမည်မဟုတ်ပေ။ ထို့ကြောင့်သီးနှံတစ်မျိုးကို စီးပွားဖြစ်စိုက်ဖြစ်ဆိုလျှင် ဈေးကွက်ကို အရင်ရှာရပေမည်။ ဈေးကွက်ရှိသော သီးနှံများကို အဓိကထားပြီး စိုက်ပျိုးရပေမည်။ သို့မှသာ စီးပွားရေး တွက်ခြေကိုက်ပြီး အကျိုးအမြတ်ရရှိပေလိမ့်။