.....ပျော်ရွှင်စွာ လေ့လာပါ.....

ဇာတ်လမ်းကောင်းများဖြစ်ရေးအတွက် ဇာတ်ညွှန်းရေးရာတွင်နည်းပညာလိုအပ်


ကိုရီးယားဇာတ်ကားများနှင့် မြန်မာဇာတ်ကားများကို ကြည့်ရှုရာတွင် ကွားခြားချက်များစွာ ရှိနေသည် ကို ပရိတ်သတ်များသိမြင်ကြပေလိမ့်မည်။ အချို့ပရိတ်သတ်များသည် ဘာ့ကြောင့်ကွာခြားနေသည်ကို သိကြပေလိမ့်မည်။ အချို့လည်းသိချင်မှသိပေလိမ့်မည်။ ထို့အတူ ဘာ့ကြောင့်ကွားခြားနေသည်ကို စဉ်းစား ချင်မှ စဉ်းစားမိပေလိမ့်မည်။

အစကောင်းမှအနှောင်းသေချာ

           လုပ်ငန်းတစ်ခုကို ဆောင်ရွက်ရာတွင် စတင်ဆောင်ရွက်သော စီမံမှုကောင်းမှသာ လျှင် နောက်ပိုင်းဆောင်ရွက်သည့်ကိစ္စရပ်များသည် အဆင်ပြေချောမွေ့စွာ ဆောင်ရွက် နိုင်မှာဖြစ်ပြီး မိမိလိုချင်သည့် ရည်ရွယ် ချက်ပန်တိုင်းကို လှမ်းကိုင်နိုင်မည် ဖြစ်ပါသည်။