.....ပျော်ရွှင်စွာ လေ့လာပါ.....

(၂) အလွန်ဝေးသောရိုက်ချက် (Very Long Shot)

          အလွန်ဝေးသောရိုက်ချက်ကို အတိုကောက်အားဖြင့် VLS ဟုခေါ်ပါသည်။ မြင်ကွင်း အလွန်ကျယ်သော ရိုက်ချက် Very Wide Shot ဟူ၍လည်း ခေါ်ကြပြီး အတိုကောက်အားဖြင့် VWS ဟုလည်း သတ်မှတ်ကြပါသည်။ ပြင်ပရိုက်ကွင်းများတွင် ရိုက်ကူးရာ၌ အသုံးပြုကြလေ့ရှိပြီး အတွင်းရိုက်ကွင်း များတွင်လည်း နေရာအလုံအလောက်ရှိလျှင် ဤရိုက်ချက်ဖြင့် ရိုက်ကူးလေ့ရှိကြပါသည်။
အလွန်ဝေးသောရိုက်ချက်တွင် ပတ်ဝန်းကျင်အကြောင်းအရာအချက်အလက်များသည် ရိုက်ချက်ဘောင် ထဲတွင် နေရာယူထားဆဲဖြစ်သောကြောင့် အရေးကြီးသောအချက်အလက်များအဖြစ် ပါဝင်နေပါသေးသည်။ လူ ပုဂ္ဂိုလ် သို့မဟုတ် အရာဝတ္ထုတို့သည် အနည်းငယ်ကြီးလာသောကြောင့် ပိုမို၍ ထင်ရှားစွာမြင်တွေ့ နေရပါသည်။ သရုပ်ဆောင်ဧ။်အဝတ်အစားများ၊ လက်ထဲတွင်ကိုင်ဆောင်ထားသော ပစ္စည်းများကို လေ့လာနိုင်ပါသည်။ ထို့အပြင် သရုပ်ဆောင်သည် ၄င်းဧ။်ပတ်ဝန်းကျင်တွင် မည်သို့ နေထိုင်သည်ကိုလည်း ဖော်ပြပေးပါသည်။ နေရာနှင့်အချိန်ကိုလည်း ဖော်ပြပေးနိုင်ပါသည်။ အလွန်ဝေး သောရိုက်ချက်တွင် လူပုဂ္ဂိုလ်နှင့်ပတ်သက်၍ အကြောင်းအရာ အချက်အလက် အနည်းငယ်ပိုမိုစုံလင်စွာ တွေ့မြင်နိုင်ပါသည်။
အလွန်ဝေးသောရိုက်ချက်ကို စဦးရိုက်ချက်အဖြစ်လည်း အသုံးပြုနိုင်ပါသည်။ ပရိတ်သတ်ကို မိမိရိုက်ပြချင်သောအကြောင်းအရာအား ၄င်းတို့ကိုယ်တိုင်မြင်နိုင်စေရန်အတွက် ပတ်ဝန်းကျင်နှင့် သရုပ် ဆောင်ပါသောပြကွက်ကို ဖော်ပြပေးခြင်းဖြစ်ပါသည်။ သရုပ်ဆောင်ဧ။်ရွေ့လျှားမှုကို ကင်မရာနှင့် ပိုမိုနီးလာ အောင် ဖန်တီးသော ပြကွက်မျိုးများတွင်လည်း အလွန်ဝေးသောရိုက်ချက်ကို အသုံးပြုနိုင်ပါသည်။