.....ပျော်ရွှင်စွာ လေ့လာပါ.....

(၃) အဝေးရိုက်ချက် (Long Shot)

         အဝေးရိုက်ချက်ကို မြင်ကွင်းကျယ်ရိုက်ချက် (Wide Shot)ဟုလည်းခေါ်ကြပါသည်။ အတိုကောက် အားဖြင့် LS သို့မဟုတ် WS ဟုသတ်မှတ်ကြပါသည်။ အဝေးရိုက်ချက်ကို ကိုယ်လုံးပေါ်ရိုက်ချက် ဟုလည်း ခေါ်ကြပါသည်။ ရိုက်ချက်ဘောင်ထဲတွင် တစ်ကိုယ်လုံးပေါ်နေပြီး ဦးခေါင်းသည် ရိုက်ချက်အပေါ်ဘောင်နှင့် ထိလုနီးပါး ဖြစ်နေ၍ ခြေထောက်သည် အောင်ခြေဘောင်နှင့် ထိလုနီးပါး ဖြစ်နေပါသည်။ ဦးခေါင်းနှင့် ခြေထောက်များကို ထင်ရှားစွာမြင်တွေ့နေရပါသည်။

         အဝေးရိုက်ချက်သည် လူတစ်ယောက်ဧ။် ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို တစ်ခုမကျန် မြင်နေရ သော်လည်း ရိုက်ချက်ဘောင်အတွင်းအကျယ်နှင့်အမြင့်နေရာအားလုံးကို လူပုဂ္ဂိုလ်သည် နေရာအပြည့်အ၀ မယူနိုင်ပေ။ ဦးခေါင်းအထက်နှင့်ခြေထောက်အောက်တွင် ရိုက်ချက်ဘောင်နှင့်အနည်းငယ် လွတ်နေ သင့်ပါသည်။ အကယ်၍ ဦးခေါင်းနှင့်ခြေထောက်ကို ရိုက်ချက်ဘောင်နှင့်ကွက်တိထားလျှင် ရိုက်ချက် ဘောင်အတွင်းမှာရှိသောလူကိုကြည့် ခြင်းအားဖြင့် စိတ်မသက်သာမှုကို ဖြစ်စေပြီး တင်းကျပ်စွာ ခံစားရနိုင်ပါသည်။
 
         ဤရိုက်ချက်ကို စဦးရိုက်ချက်အဖြစ် အသုံးမပြုနိုင်ပါ။ ဤရိုက်ချက်သည် နေရာ၊ အချိန်နှင့် လူပုဂ္ဂိုလ်တို့ဧ။် အကြောင်းကို ဖော်ပြပေးပါသည်။ လူပုဂ္ဂိုလ်နှင့်ပတ်သက်၍ ကျား၊မသဘာဝကိုခွဲခြားနိုင်ပြီး သရုပ်ဆောင်တို့ဧ။် ရွေ့လျှားမှုနှင့် ယေဘူယျ မျက်နှာအမူအယာများကို ပိုမိုလွယ်ကူစွာတွေ့မြင်နိုင်ပါသည်။