.....ပျော်ရွှင်စွာ လေ့လာပါ.....

(၆) အလယ်အလတ် အနီးကပ်ရိုက်ချက် (Medium Close-up Shot)

        အလယ်အလတ်အနီးကပ်ရိုက်ချက်သည် ဦးခေါင်းနှင့်ပခုံးကိုသာတွေ့မြင်ရသော ရိုက်ချက် အမျိုး အစား ဖြစ်ပါသည်။ အတိုကောက်အားဖြင့် MCU ဟုခေါ်ပါသည်။ ရိုက်ချက်ဘောင်ဧ။် အောက်အနားမျဉ်း သည် သရုပ်ဆောင်ဧ။်ရင်ဝမှဖြတ်သွားသော ရုပ်ပုံမျိုးဖြစ်ပါသည်။ သရုပ်ဆောင်သည် ရှပ်အင်္ကျီဝတ်ထား လျှင် အပေါ်ကြယ်သီးနှစ်လုံးကို ရိုက်ချက်ဘောင်တွင် တွေ့မြင်နိုင်ပါသည်။ ထို့ကြောင့် အလယ်အလတ်အနီးကပ် ရိုက်ချက်ကို ကြယ်သီးနှစ်လုံးပေါ်ရိုက်ချက် (Two Button)ဟုလည်း ခေါ်ပါသည်။

     ရိုက်ချက်ဘောင်ဧ။်အောက်အနားသတ်မျဉ်းသည် တံတောင်ဆစ်ဧ။်အဆစ်နေရာမှာ တိကျစွာ ဖြတ်သွား သော်လည်း သရုပ်ဆောင်အမျိုးသမီး၊ အမျိုးသားများအတွက် သီးခြားစဉ်းစားလျှင် ၄င်းတို့ဧ။် ဝတ်စား ဆင်ယင်မှုအပေါ်တွင်မူတည်ပြီး ညှိယူနိုင်ပါသည်။ အလယ်အလတ်အနီးကပ်ရိုက်ချက်သည် အလယ်အလတ် ရိုက်ချက်နှင့် အနီးကပ်ရိုက်ချက်တို့ကြားက ရိုက်ချက်တစ်ခုဖြစ်ပါသည်။ မျက်နှာသည် အလွန်အနီး ကပ်ကြီး မဟုတ်ဘဲ ပိုမိုထင်ရှားလာပါသည်။ ပြင်ပရိုက်ကွင်းများတွင်လည်းကောင်း၊ အတွင်းရိုက်ကွင်း များတွင် လည်းကောင်း ဤရိုက်ချက်အမျိုးအစားကိုအသုံးပြုနိုင်ပါသည်။
 
သရုပ်ဆောင်များဧ။်မျက်နှာအမူအယာများသည် ထင်ရှားလာပါသည်။ သရုပ်ဆောင်သည် မည်သည့်နေရာအား ကြည့်နေသည်ကို သိနိုင်ပါသည်။ ထို့အပြင် ခံစားချက်များ၊ဆံပင်ပုံဆံနှင့်အရောင် မိတ်ကပ်ပြင်ဆင်မှု စသည်များကိုလည်း ထင်ရှားစွာ မြင်နိုင်လာပါသည်။ ရုပ်ရှင်ဗွီဒီယိုဇာတ်လမ်း များရိုက်ကူးရာတွင် ဤရိုက်ချက် အမျိုးအစားကို များစွာအသုံးပြုကြပါသည်။ အဘယ်ကြောင့်ဆိုသော် သရုပ်ဆောင်များစကားပြောနေစဉ်၊ တစ်ခြား တစ်ယောက်ဧ။်စကားကိုနားထောင်နေစဉ်၊ ခန္ဓာကိုယ်နှင့် ဦးခေါင်းရွေ့လျှားမှုများစွာမပါသော လှုပ်ရှားမှုများကိုသရုပ်ဆောင်နေစဉ် သရုပ်ဆောင်နှင့်ပတ်သက်သော အချက်အလက်များစွာကို တွေ့မြင်နိုင်သောကြောင့်ဖြစ်ပါသည်။
 
ဤရိုက်ချက်သည် ပရိတ်သတ်အား သရုပ်ဆောင်ဧ။်မျက်နှာအမူအယာကိုသာ တွေ့ မြင်စေလိုသောကြောင့် ပတ်ဝန်းကျင်ရှိအရာဝတ္ထုများ၊အပြုအမူများသည် သိပ်ပြီးအရေးမကြီးပေ။ အလင်းပေးခြင်းနှင့်အဝတ် အစားပေါ်တွင်မူတည်၍ နေရာ၊အချိန်ကို အနည်းငယ်သတိထားမိနိုင်ပါသည်။