.....ပျော်ရွှင်စွာ လေ့လာပါ.....

(၅) အလယ်အလတ်ရိုက်ချက် (Medium Shot)

          အလယ်အလတ်ရိုက်ချက်ကို အတိုကောက်အားဖြင့် MS ဟုခေါ်ပါသည်။ အရာဝတ္ထု သို့မဟုတ် လူပုဂ္ဂိုလ်နှင့် ၄င်းဧ။်ပတ်ဝန်းကျင်များသည် ရိုက်ချက်ဘောင်ထဲတွင် ယေဘူယျအားဖြင့် အညီအမျှပါဝင်သည် ဟု ယူဆနိုင်ပါသည်။ ရပ်နေသောသရုပ်ဆောင်တစ်ယောက်ကို ရိုက်မည်ဆိုလျှင် ရိုက်ချက်ဘောင်ဧ။် အောက်ခံအနားမျဉ်းသည် သရုပ်ဆောင်ဧ။်ခါးနေရာမှ ဖြတ်သွားပါသည်။ အလယ်အလတ်ရိုက်ချက်ကို ခါးရိုက်ချက် ဟုလည်း ခေါ်ကြပါသည်။ တချို့က ခါးဧ။်အောက်မှဖြတ်၍ ရိုက်ကူးကြပါသည်။ သရုပ်ဆောင်ဧ။် လက်နှစ်ဖက်သည် အောက်သို့ချထားလျှင် ခါးဧ။်အထက်မှဖြတ်၍ ရိုက်ကူးကြပါသည်။

      ပြင်ပရိုက်ကွင်းများတွင်လည်းကောင်း၊ အတွင်းရိုက်ကွင်းများတွင်လည်းကောင်း ရိုက်ကူးနိုင်သော ရိုက်ချက် အမျိုးအစား ဖြစ်ပါသည်။ ရိုက်ချက်ဘောင်ထဲတွင် လူခန္ဓာကိုယ်သည် ပိုမိုထင်ရှားလာပါသည်။ သရုပ်ဆောင်ဧ။်မျက်လုံးများနှင့်၎င်တို့ကြည့်ရှုရာနေရာ၊ အဝတ်အစားများ၊ ဆံပင်အရောင်နှင့် သရုပ်ဆောင်ဧ။်စတိုင် စသည်များကို ရှင်းလင်းလွယ်ကူစွာတွေ့မြင်နိုင်ပါသည်။

 
      ဤရိုက်ချက်တွင် အရာဝတ္ထု သို့မဟုတ် သရုပ်ဆောင်ဧ။်ရွေ့လျှားမှုများသည် အလွန်အရေးကြီး လာပါသည်။ ရိုက်ချက်ဘောင်များသည် လွတ်လပ်စွာရွေ့လျှားခြင်းကို တားမြစ်ထားပါသည်။ ရိုက်ချက်ဘောင်များကို မချိုးမိစေရန်သတိထားရပါမည်။ ရိုက်ချက်ဘောင်ကို ချိုးမိခြင်းဆိုသည်မှာ သရုပ်ဆောင်ဧ။် ခန္ဓာကိုယ်သည် ရိုက်ချက်ဘောင်များနှင့်ထိနေခြင်း၊ သို့မဟုတ် သရုပ်ဆောင်ဧ။်ရွေ့လျှားမှုသည် ရိုက်ချက်ဘောင်များကို ကျော်လွန်သွားခြင်း၊ စသည်တို့ကိုဆိုလိုပါသည်။ ထို့ကြောင့် အလယ်အလတ်ရိုက်ချက်အမျိုးအစားကို အသုံးပြုရာတွင် သရုပ်ဆောင်သည် ရိုက်ချက်ဘောင်များကိုထိခြင်း၊ကျော်ခြင်းများမဖြစ်စေရန် သတိထားရပါမည်။
 
          အလယ်အလတ်ရိုက်ချက်တွင် လူပုဂ္ဂိုလ်အကြောင်းကိုသေချာစွာရှင်းပြပေးပါသည်။ နေရာနှင့် ပတ်သက်၍ လည်း အတွင်းလား သို့မဟုတ် အပြင်လား၊ တိုက်ခန်းမှာလား၊ စတိုးဆိုင်မှာလား၊ သစ်တောထဲမှာလား စသည်ဖြင့် ဖော်ပြပေးနိုင်ပါသည်။ အချိန်နှင့်ပတ်သက်၍လည်း နေ့ သို့မဟုတ် ညလား၊ ဘယ်ရာသီမှာလည်း စသည်ဖြင့် ဖော်ပြပေးနိုင်ပါသည်။