.....ပျော်ရွှင်စွာ လေ့လာပါ.....

ရိုက်ချက် (The Shot)


ဂီတတွင် အခြေခံဖွဲ့စည်းသည့်ပစ္စည်းသည် နုတ် (note) ဖြစ်သည်။ ဗီဒီယိုတွင် အခြေခံဖွဲ့စည်း သည့်ပစ္စည်းသည် ရိုက်ချက် (shot) ဖြစ်ပါသည်။ နုတ်သည် အသံအနိမ့်အမြင့်နှင့် အချိန်ကာလအပိုင်း အခြားပါသော အသံတစ်သံဖြစ်ပါသည်။ ရိုက်ချက်သည် ရုပ်သွင်ပြင်နှင့်အချိန်ကာလအပိုင်းအခြားပါသော ရုပ်ပုံတစ်ခုဖြစ်ပါသည်။ နုတ်များကို အစီအစဉ်တကျတွဲထားလျှင် ဂီတကို ဖြစ်စေပါသည်။ ရိုက်ချက်များကို အစီအစဉ်တကျတွဲထားလျှင် ဗီဒီယိုကို ဖြစ်စေပါသည်။
 
ကမ္ဘာပေါ်တွင် ဘာသာစကားများစွာရှိကြပါသည်။ ထိုဘာသာစကားများတွင် ရှုပ်ထွေး၍မရေရာ သော၊ ဘာသားစကားတစ်ခုနှင့်တစ်ခု မတူညီသော စည်းမျဉ်းများ ရှိကြပါသည်။ ရိုက်ချက်စည်းမျဉ်းများ (Grammar of the Shot) သို့မဟုတ် ရုပ်ရှင်ဘာသာစကား (Film Language)သည် ထိုစကားပြောဘာသာ စကားများနှင့် လုံးဝမတူညီပါ။ ရုပ်ရှင်ဘာသာစကားသည် ကမ္ဘာပေါ်ရှိယဉ်ကျေးမှုအားလုံးအတွက် အတူတူ ပင်ဖြစ်ပါသည်။ အများလက်ခံထားကြသော ဘာသာစကားတစ်ခုလည်း ဖြစ်ပါသည်။ ရုပ်ပုံများကိုသတိထား မိသော လူအားလုံး ချက်ချင်းနားလည်သဘောပေါက်နိုင်စေရန်အတွက် လူများ၊ အရာဝတ္ထုများနှင့် လှုပ်ရှားမှု များကို ရေးဆွဲဖော်ပြသော တစ်ကမ္ဘာလုံးလက်ခံထားကြသည့် နည်းလမ်းတစ်ခု ဖြစ်ပါသည်။
 
ရိုက်ချက်စည်းမျဉ်းများအကြောင်းကို ဆွေးနွေးရမည်ဆိုလျှင် ရိုက်ချက်နှင့်စည်းမျဉ်း၏ အဓိပါယ်ကို နားလည်ရန်လိုအပ်ပါသည်။ ဗီဒီယို၊ တယ်လီဗေးရှင်းနှင့် ရုပ်ရှင်လောကတွင် စည်းမျဉ်းဆိုသည်မှာ ရွေ့လျှား နေသော ရုပ်ပုံတစ်ခုတွင် ပါဝင်နိုင်ရန်အတွက် ဖန်တီးထားသော ရုပ်အမြင်ဆိုင်ရာ အခြေခံအစိတ်အပိုင်း များကို ဖွဲ့စည်းစီစဉ်ခြင်းနှင့် တင်ပြခြင်းများကို လွှမ်းမိုးထားသော အခြေခံကျသည့်နည်းလမ်းများဖြစ်ကြောင်း နားလည်ထားသင့်ပါသည်။ ထိုစည်းမျဉ်းများသည် ရုပ်အမြင်ဆိုင်ရာ သတင်းအချက်အလက်များကို ကြည့်ရှု သူပရိတ်သတ်များဆီသို့ မည်သို့တင်ပြရမည်ကို သတ်မှတ်ပေးထားသော အများလက်ခံထားကြသည့် လမ်း ညွှန်ချက်များ ဖြစ်ကြပါသည်။
 
ကြည့်ရှုသူပရိတ်သတ်များဖြစ်ကြသည့် ကျွန်ုပ်တို့အားလုံးသည် ဗီဒီယို၊ တယ်လီဗေးရှင်းနှင့် ရုပ်ရှင် ကြည့်ရှုနေကြသည့် ပတ်ဝန်းကျင်တွင် ကြီးပြင်းလာကြသူများဖြစ်ကြပါသည်။ ထို့ကြောင့် ရွေ့လျှားနေသော ရုပ်ပုံများကို ဖန်တီးရာတွင်အသုံးပြုသော ရိုက်ချက်အမျိုးမျိုးတွင်ပါဝင်သည့် ရုပ်အမြင်ဆိုင် အခြေခံအစိတ် အပိုင်းများကို သတိပြုမိတတ်စေရန်၊ အဓိပါယ်ကို ဖော်ထုတ်တတ်စေရန်နှင့် သဘောပေါက်နားလည် တတ် စေရန် နှစ်ပေါင်းများစွာ လေ့ကျင့်ပျိုးထောင်ပြီးသားဖြစ်နေပါသည်။ တနည်းအားဖြင့် ကျွန်ုပ်တို့သည် အသေး စိတ်အားဖြင့် မပြောပြတတ်သော်လည်း ကျွန်ုပ်တို့အနေဖြင့် မည်သည့်ရုပ်ပုံသည် ဘာကိုဆိုလိုသည်၊ မည်သည့်ရုပ်ပုံများသည် ကျွန်ုပ်တို့အား မည်သို့ခံစားရစေသည်ဟူသော အချက် များကို နားလည်သဘောပေါက် နေပါသည်။ ကျွမ်းကျင်သော ရုပ်ရှင်ဗီဒီယိုရိုက်ကူးသူတို့သည် ဇာတ်လမ်းများကို ပိုမိုကောင်းမွန်စွာတင်ပြနိုင်ရန်အတွက် ကြည့်ရှုသူပရိတ်သတ်များနှင့် ရိုက်ချက် များအကြား ဆက်စပ်နေသည့် ဤသဘောတရားကို အသုံးပြုကြပါသည်။
 
ရိုက်ချက်ဆိုသည်မှာ လှုပ်ရှားမှုတစ်ခုကို အချိန်တစ်ချိန်တွင် မြင်ကွင်းဒေါင့်တစ်နေရာမှ မှတ်တမ်း တင်ထားခြင်း ဖြစ်ပါသည်။ လှုပ်ရှားမှုတစ်ခုကို ကင်မရာဖြင့် တူညီသောဒေါင့် သို့မဟုတ် တူညီသောအနေ အထားမှ အကြိမ်များစွာရိုက်ကူးသော်လည်း ၄င်းတို့သည် ရိုက်ချက်တစ်ခု တည်းသာ ဖြစ်ပါသည်။ ကင်မရာ ဒေါင့်၊ ကင်မရာအနေအထား သို့မဟုတ် မှန်ဘီလူးဆုံတာ အကွာအဝေး ပြောင်းလဲ၍ ရိုက်ကူးလျှင် မှတ်တမ်းတင်ထားသော ရုပ်ပုံများသည် မတူညီသော ရိုက်ချက်များ ဖြစ်လိမ့်မည်။ တနည်းအားဖြင့် ထိုလှုပ်ရှားမှုကို မတူညီသော မြင်ကွင်းများဖြင့် မြင်တွေ့နေရပေလိမ့်မည်။ ရိုက်ချက်တစ်ခုချင်းစီသည် တစ်ခုနှင့်တစ်ခု တူညီမှုမရှိဘဲ ကွဲပြားခြားနားနေ ပေလိမ့်မည်။
 
ထို့ကြောင့်အခြေခံရိုက်ချက်အမျိုးအစားများနှင့် ၄င်းတို့ကိုဖန်တီးရာတွင် မည်သို့ကြိုးပမ်း အားထုတ်ရမည်ကို မှန်ကန်စွာနားလည်ထားရန် လိုအပ်ပါသည်။ ထို့အတူ ကြည့်ရှုသူပရိတ်သတ် များသည် ရိုက်ချက် များမှ မည်သည့် သတင်းအချက်အလက်နှင့် မည်သည့်အဓိပ္ပါယ်ကို ဖော်ထုတ် တတ်ကြသည်ကိုလည်း သိမြင်ထားရပါမည်။ ရုပ်ရှင်၊ဗီဒီယိုရိုက်ကူးခြင်းသည် တီထွင်ဖန်တီးမှုနှင့် နည်းပညာပိုင်းဆိုင်ရာ လက်မှုပညာတစ်ခု ဖြစ်ပါသည်။ အောင်မြင်မှုအတိုင်းအတာသည် ရုပ်ပုံများကို ကြည့်ရှုသူပရိတ်သတ်များဆီသို့ ကောင်းစွာဆက်သွယ်ပေးနိုင်မှုအပေါ်တွင် မူတည်ပါသည်။ သင့် တော်မှုမရှိသော သို့မဟုတ် မကောင်းသော ရုပ်အမြင်ဆိုင်ရာ နည်းလမ်းများဖြင့် ကြည့်ရှုသူပရိတ် သတ်များအား ရှုပ်ထွေးအောင်ပြုလုပ်မည်ဆိုလျှင် သင်ဧ။်ဖန်တီးချက်များကို ၄င်းတို့သည် ကောင်း စွာတုံ့ပြန်လိမ့်မည်မဟုတ်ပါ။
 
ရုပ်ရှင်ဗီဒီယိုဇာတ်လမ်းများနှင့် တယ်လီဗေးရှင်းအစီအစဉ်များသည် ရုပ်အမြင်ဆိုင်ရာ အခြေခံအစိတ် အပိုင်းများပေါ်တွင် များစွာတည်မီနေသောကြောင့် (၁) ကြည့်ရှုသူပရိတ်သတ်များ အတွက် အရေးကြီးသည့် အကြောင်းအရာနှင့် (၂) သတင်းအချက်အလက်၊ လှုပ်ရှားမှု၊ အဖြစ်အပျက် သို့မဟုတ် အသေးစိပ်အချက်အလက်များအား ပြသနည်းတို့ကို ဖန်တီးမှုဖြစ်စဉ်တွင် ဦးစွာစဉ်း စားဆုံးဖြတ်ထားရမည်။ အမှန်တကယ်ရိုက်ကူးမည့် အကြောင်းအရာကိုရွေးချယ်မှုသည် ရိုက်ကူး ထုတ်လုပ်ရေးတွင်ပါဝင်သော စာရေးဆရာ၊ ဒါရိုက်တာ၊ ဓါတ်ပုံဒါရိုက်တာ၊ သရုပ်ဆောင်နှင့် ထုတ်လုပ်သူများဧ။် ဆုံးဖြတ်ချက်များ ဖြစ်နိုင်ပါသည်။
 
ဇာတ်ညွှန်းသည် ကင်မရာနှင့်မှန်ဘီလူးဖြင့် အမှန်တကယ်ရိုက်ကူးမည့်အရာကို ရွေးချယ်ရာ တွင် လမ်းညွှန်မှုပေးနိုင်ပါသည်။ ကင်မရာနှင့်မှန်ဘီလူးသည် မှန်ကန်သောအချက်အလက်များ ပါသည့် ပြင်ညီ ထောင့်မှန် စတုဂံတစ်ခုကို မှတ်တမ်းတင်ရန် အတူတကွလုပ်ဆောင်ကြပါသည်။ ထိုထောင့်မှန်စတုဂံသည် ကင်မရာရိုက်ကူး သူဧ။်ဝန်းကျင်တွင်ရှိသော ရုပ်ပိုင်းဆိုင်ရာကမ္ဘာလောက အဝန်းအဝိုင်းထဲမှ ဖြတ်ထုတ်ထားသည့် သေးငယ်သောအပိုင်းအစတစ်ခု သို့မဟုတ် ပြတင်းပေါက် တစ်ပေါက်မျှသာ ဖြစ်ပါသည်။ ထိုဖြတ်ထုတ်ထားသော အပိုင်းအစတစ်ခုတွင် ပုံတွင်ပြသထား သည့်အတိုင်း ဘောင်(Frame)ဟုခေါ်သည့် သတ်မှတ် ထားသော၊တိကျသောအနားများ ရှိကြပါ သည်။ ထိုဘောင်ထဲတွင် မည်သည့်အရာပါသည်ဖြစ်စေ မှန်ဘီလူးဧ။် ရှေ့မှာရှိသော တကယ့်ကမ္ဘာ လောကကိုကိုယ်စားပြုသည့် နှစ်ဘက်မြင်အသွင်သဏ္ဍာန်အဖြစ် မှတ်တမ်းတင်ထားပါသည်။ လက်ရှိ အခြေအနေတွင် ရုပ်ရှင်ဗီဒီယိုကင်မရာများသည် အမြင့်(အောက်ခြေမှအပေါ်)နှင့် အကျယ်(ဗယ် ဘက်မှညာဘက်)ပါဝင်သော နှစ်ဘက်မြင်အသွင်သဏ္ဍာန်ကိုသာ အမှန်တကယ်ရိုက်ကူး နိုင်သော ကြောင့် ရုပ်ရှင်ပြပိတ်ကား၊ တယ်လီဗေးရှင်းဖန်သားပြင် သို့မဟုတ် ကွန်ပျူတာဖန်သားပြင် ပေါ် တွင် ပြားနေသောရုပ်ပုံများအဖြစ်သာ ပြသနိုင်ပါသည်။ တတိယမြောက်အသွင်သဏ္ဍာန်တစ်ခု ဖြစ်သည့် ဒုသည် ကင်မရာဧ။်ရှေ့တွင် အမှန်တကယ်တည်ရှိနေသော်လည်း နှစ်ဘက်မြင် အသွင်သဏ္ဍာန် ရှိသော (အလျှား၊အနံသာရှိသော) ရုပ်ရှင် သို့မဟုတ် ဗီဒီယိုများတွင် ၄င်းဒုကို အာရုံမှားမှု တစ်ခု အဖြစ်သာ ဖမ်းယူနိုင်ပါသည်။ 

Basic widescreen 16 x 9 frame
Basic standard definition 4 x 3 frame
 
          နှစ်ဘက်မြင်အသွင်သဏ္ဍာန်ရှိသော ပြင်ညီထောင့်မှန်စတုဂံသည် ရိုက်ချက်များဧ။် ရုပ်အမြင်ဆိုင်ရာ အခြေခံအစိတ်အပိုင်းများကို ရေးဆွဲရမည့်နေရာတစ်ခုဖြစ်ပါသည်။ ရိုက်ကူးလိုက်သောရုပ်ပုံများသည် ရုပ်ရှင် ဗီဒီယိုနှင့် တယ်လီဗေးရှင်းအစီအစဉ်များထုတ်လုပ်ခြင်းတွင် အခြေခံအစိတ်အပိုင်းများနှင့် အုတ်မြစ်များ ဖြစ်ကြပါသည်။ ထို့ကြောင့် ကောင်းမွန်သော ရိုက်ချက်များဖြစ်အောင် ရိုက်ကူးနိုင်ရန် လိုအပ်လှပါသည်။
 
ကျမ်းကိုး
1.      "Grammar of the shot", second edition by Roy Thompson and Christopher J. Bowe
2.      Article: "Pause: Music to Our Eyes" by Stephen Muratore
စာရေးသူ
စိုးမိုးဝင်း
Perfect Magazine တွင် ရေးသားပြီးဖြစ်သည်။