.....ပျော်ရွှင်စွာ လေ့လာပါ.....

အင်္ဂလိပ်စာကို ဘယ်လိုဖတ်ကြမလဲ


စာဖတ်တယ်ဆိုတာ ဘာလဲ။ ပြောရင်တော့ လွယ်လွယ်လေးပါ။ စာအုပ်တစ်အုပ်ကိုကောက် ကိုင်ပြီး ၀ရူးဝရူးနဲ့ဖတ်တာဟာ စာဖတ်တာပါပဲ။ ဒါပေမယ့် စာဖတ်နည်းတော့ ရှိသေးတယ်။ ကျွန် တော့်အမြင်လေးကို ပြောပြချင်တယ်။ စာဖတ်တာမှာ ကလေးဖတ်နဲ့လူကြီးဖတ်ဆိုပြီး နှစ်မျိုးရှိတယ်။
 
ဥပမာ - ၀ါကျတစ်ကြောင်းကို ချပေးလိုက်။
She is a teacher.
ကလေး ဖတ်တာက -
ရှိ အစ်စ် အေ တီးချား  သူမသည် ဆရာမတစ်ယောက်ဖြစ်သည်။
ဒါပဲ။ ကလေးက ဒါ့ထက်မပိုတော့ဘူး။ အဲဒါ ကလေးဖတ်လို့ခေါ်တယ်။
လူကြီးဖတ်တာက -
ကလေးလို ဖတ်ပြီးတဲ့နောက်မှာ အတွေးအခေါ်ပါလာတယ်။
အင်္ဂလိပ်စာလေ့လာသူက ၀ါကျကို ဘယ်လိုတည်ဆောက်ထားသလဲ၊ စကားလုံးအသုံး အ နှုန်းက ဘယ်လိုလဲ၊ ဘာကာလကိုသုံးထားတာလဲစသည်ဖြင့် ခွဲခြမ်းစိတ်ဖြာပြီးဖတ်ပါတယ်။ တခြား စာဆိုရင်လဲ အဲဒီလိုပဲ ခွဲခြမ်းစိတ်ဖြာပါတယ်။ ဘ၀အတွေးအခေါ်စာတွေ၊ ၀တ္ထုတွေ၊ ဘာစာတွေပဲ ဖြစ်နေဖြစ်နေ ဖတ်ပြီးတဲ့နောက်ပိုင်းမှာ တွေးပါတယ်။ အခု ကျွန်တော်က အင်္ဂလိပ်စာကိုဖတ်တဲ့နေ ရာမှာ လူကြီးစာဖတ်နည်းကို ပြောပြမှာပါ။ ကဲ စကြရအောင်နော်။
ဆိုင်ကယ်ဝပ်ရှော့တစ်ခု၊ ကားဝပ်ရှော့တစ်ခုခုကို ရောက်ဖူးကြမှာပါနော်။ မရောက်ဘူးလဲ မြင်ဖူးကြမယ်ထင်ပါတယ်။ ရှေ့ကဆရာလုပ်တဲ့သူက ဆိုင်ကယ်တွေ၊ ကားတွေကို ဖြုတ်တဲ့အခါ၊ ပြန်ဆင်တဲ့အခါ နောက်က တပည့်တွေက ကြည့်နေကြရတယ်။  အဖြုတ်ရော၊အဆင်ရော အရေး ကြီးပါတယ်။ နှစ်ခုစလုံးကိုနားလည်မှ ပိုမိုကျွမ်းကျင်တာပါ။ အင်္ဂလိပ်စာဟာလည်း အဲဒီလိုပါပဲ။ မိမိကိုယ်တိုင် ၀ါကျတွေရေးတာက ပြန်ဆင်တာနဲ့တူပြီး သူများရေးပြီးသားတွေကို သဒ္ဒါနည်းအရ ခွဲခြမ်းစိတ်ဖြာကြည့်တာက ဖြုတ်တာနဲ့တူပါတယ်။
ဒါ့ကြောင့် ယနေ့တော့ Singapore က Senior Minister ဖြစ်တဲ့ Lee Kuan Yew ပြောတဲ့ စကားကို ဖြုတ်ဖျက်ကြည့်ပါ့မယ်။ The Politics of Human Rights in East Asia ဆိုတဲ့ စာအုပ်ထဲက စာမျက်နှာ (၁)မှာ ပါပါတယ်။ သူပြောတာက ဒီလို……….

I believe that what a country needs to develop is discipline more than democracy. Democracy leads to undisciplined and disorderly conditions.
(Lee Kuan Yew - Senior Minister, Singapore)
 
နိုင်ငံတစ်ခုအနေနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ရန် လိုအပ်တဲ့အရာကတော့ ဒီမိုကရေစီ ဆိုတာထက် စည်းကမ်းဥပဒေပဲဖြစ်ပါတယ် လို့ ကျွန်တော်ယုံကြည်ပါတယ်။  ဒီမိုကရေစီဆိုတာ စည်းမဲ့ကမ်းမဲ့ ဥပ ဒေမဲ့ပြီး ပရမ်းပတာဖြစ်နေသော အခြေအနေများဆီသို့ ဦးတည်ပါတယ်။
ဝါကျကတော့ နှစ်ကြောင်းပါ။
I believe that what a country needs to develop is discipline more than democracy.
အရင်ကြည့်ပါမယ်။
I believe က ၀ါကျတစ်ကြောင်း (subject နဲ့ verb)
That က Sub-ordinate conjunction လက်အောက်ခံစကားဆက်
What…………democracy က ၀ါကျတစ်ကြောင်း
 
ဒုတိယ၀ါကျကိုပဲ ထပ်ပြီးခွဲခြားကြည့်ပါမယ်
What a country needs to develop is discipline more than democracy.
What a country needs to develop က subject ပါ (နာမ်ဝါကျခွဲ Noun clause ပါ)
Is က verb ပါ။
Discipline more than democracy က Noun ပါ။
 
နာမ်ဝါကျခွဲကို ခွဲခြမ်းကြည့်ပါမယ်
what a country needs to develop
what ဆိုတာက ဒီနေရာမှာ တစ်စုံတစ်ရာ လို့အဓိပါယ် ရပါတယ်။ develop ရဲ့ object ပုဒ်ကို ရှေ့သို့ ဆွဲထုတ်ထားတာပါ။ ဒီလိုပါ။
A country needs to develop what (something).
နိုင်ငံတစ်ခုအနေနဲ့ တစ်စုံတစ်ရာကို ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်ပါတယ်။
 
ဒီနေရာမှာ ပိုရှင်းအောင် ကျောင်းသားတွေအသုံးများတဲ့
The season I like / The teacher I love / The person I admire / The subject I dislike
စတဲ့ဟာတွေလိုပါပဲ။ object ပုဒ်တွေကို ရှေ့သို့ ဆွဲထုတ်ထားတာပါ။ ၀ါကျအနေနဲ့ ပြောင်းရေးရင်
I like the season. / I love the teacher. I admire the person./ I dislike the subject.
 
မူရင်းကို ပြန်ကောက်ပါ့မယ်။ တစ်စုံတစ်ရာဆိုတဲ့အတွက် something / thing သုံးရင်လဲ ရ ပါတယ်။ သို့သော်လည်း something/ thing တို့က သိပြီးသားအရာမှာသာ သုံးကြပါတယ်။ ကိုယ် က မသိသေးတဲ့အရာမျိုးဆိုရင် what ကိုပဲ သုံးတာများပါတယ်။ ဥပမာ
I have something to tell you. ငါ မင်းကို ပြောစရာရှိတယ်။ what မသုံးပါ။
I don’t know what to do. ငါ ဘာလုပ်ရမယ့်အရာ(တစ်စုံတစ်ရာ)ကို မသိဘူး။
I have many things to do. ငါ့မှာ လုပ်စရာတွေ အများကြီးရှိတယ်။
ဒါကိုတွေ ဖတ်မိရင် what ကို ဘာကြောင့်သုံးတယ်ဆိုတာကို နားလည်မယ်ထင်ပါတယ်။
 
ပြန်ဆက်ရင်
A country needs to develop what (something). နိုင်ငံတစ်နိုင်ငံအနေနဲ့ တစ်စုံ တစ်ရာကို ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ပါတယ်။ (၀ါကျ)
what (something) a country needs to develop နိုင်ငံတစ်နိုင်ငံအနေနဲ့ ဖွံ့ဖြိုးတိုး တက်ရန် လိုအပ်တဲ့ အရာ(တစ်စုံတစ်ရာ) (နာမ်ဝါကျခွဲ=နာမ်)
နာမ်ဆိုတဲ့အတွက် subject နဲ့ object နေရာမှာ သုံးလို့ရပါတယ်။ ဒီနေရာမှာတော့ subject နေရာက သုံးထားပါတယ်။
What a country needs to develop is discipline more than democracy.
နိုင်ငံတစ်ခုအနေနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ရန် လိုအပ်တဲ့အရာကတော့ ဒီမိုကရေစီ ဆိုတာထက် စည်းကမ်းဥပဒေ ပဲဖြစ်ပါတယ်
ဒီနေရာမှာ more than ဆိုတာက much ရဲ့ comparative adjective ပါ။ နာမ၀ိသေသန အဆင့် ၂ လို့ခေါ်ပါတယ်။ much/more/most ဆိုပြီး သုံးဆင့်ရှိပါတယ်။ အရွယ်အစား၊ အတိုင်း အတာ၊ ပမာဏ၊ အဆင့်အားဖြင့် ကြီးမားတာကို ဆိုလိုပါတယ်။
ဒါ့ကြောင့်ဒီနေရာမှာ တည့်ဘာသာပြန်ရင်
နိုင်ငံတစ်ခုအနေနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ရန် လိုအပ်တဲ့အရာကတော့ ဒီမိုကရေစီထက် အဆင့် အားဖြင့် ကြီးမားသော စည်းကမ်းဥပဒေပဲ ဖြစ်ပါတယ်။
 
အဲဒီလိုပါ။
မူလ၀ါကျကို ပြန်ကောက်ပါမယ်။
I believe that what a country needs to develop is discipline more than democracy.
ဒီနေရာမှာ that ကို ”လို့“ ဟု ဘာသာပြန်ရပါတယ်။ believe ယုံကြည်တယ်။ ဘာကိုယုံ ကြည်တာလဲ။ that နဲ့ ပြန်ရှင်းပါတယ်။ အဲဒါကြောင့် ဘာသာပြန်ရင်--
နိုင်ငံတစ်ခုအနေနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ရန် လိုအပ်တဲ့အရာကတော့ ဒီမိုကရေစီ ဆိုတာထက် စည်းကမ်းဥပဒေပဲဖြစ်ပါတယ် လို့ ကျွန်တော်ယုံကြည်ပါတယ်။
 
ဒုတိယ၀ါကျကို သွားပါမယ်။
Democracy leads to undisciplined and disorderly conditions.
Democracy – subject ပါ။
Leads (to) – verb ပါ။ lead နောက်က to လိုက်ပါတယ်။
undisciplined and disorderly conditions – object ပါ
undisciplined ဆိုတာက verb 3 ပါ။ past participle adjective လို့ ခေါ်ပါတယ်။ နာမ်ကို အထူး ပြုပါတယ်။
disorderly – adjective ပါ။ နာမ်ကို အထူးပြုပါတယ်။
conditions ကတော့ နာမ်ဖြစ်ပါတယ်။ adjective နှစ်လုံးကို and နဲ့ ဆက်ထားပါတယ်။
fat and tall girl / black and long hair / short and thin boy ဒါမျိုးပုံစံတွေပါ။ ဒါဆိုရင် ဒီဝါကျ ကိုလည်း နားလည်မယ်လို့ထင်ပါတယ်။
 
Democracy leads to undisciplined and disorderly conditions.
ဒီမိုကရေစီဆိုတာ စည်းမဲ့ကမ်းမဲ့ဥပဒေမဲ့ပြီး ပရမ်းပတာဖြစ်နေသော အခြေအနေများဆီသို့ ဦးတည်ပါတယ်။
 
ကဲ
ဒါလောက်ဆိုရင်ကတော့ အင်္ဂလိပ်စာကို ဘယ်လိုဖတ်ရမလဲဆိုတာ သိလောက်ပါပြီ။
လူကြီးစာဖတ်နည်းအတိုင်း ဖတ်နိုင်ကြပါစေ။

စာရေးသူ
စိုးမိုးဝင်း
The Best English 4 You အမည်ရှိ Facebook Group တွင် ဖော်ပြပြီးဖြစ်သည်။