.....ပျော်ရွှင်စွာ လေ့လာပါ.....

ဆန်စပါးသမိုင်း

     ဆန်သည် အချိန်ကြာမြင့်စွာကပင် မိသားစုများနှင့်ယဉ်ကျေးမှုများ၏ နှစ်သက်စရာ ဖြစ်သော အစားအစာတစ်ခု ဖြစ်ပါသည်။ ထို့အပြင် ဆန်သည် စားသုံးမှုအများဆုံးအစားအစာ တစ်ခုဖြစ်သကဲ့သို့ အနာဂတ်တွင်လည်း ဆက်လက်တည်ရှိနေမည့် သီးနှံတစ်မျိုးလည်း ဖြစ်ပါသည်။

      
     ဆန်စပါး၏ သမိုင်းကိုကြည့်လျှင် ဘီစီ ၂၅၀၀ လောက်ကတည်းက ဆန်ကို အဓိက အစားအစာအဖြစ် လူတို့စားသုံးခဲ့ကြသည်။ အမှန်တကယ်မှာ ထိုထက်မကသော အချိန် ကာလကပင် ဆန်ကို လူတို့စားသုံးခဲ့ကြသည်လည်း ဖြစ်နိုင်ပါသည်။ စာတမ်းများအရ ဆန်စပါးသည် တရုတ်နိုင်ငံမှစတင်ပြီး အခြားဒေသများသို့ ပျံ့နှံ့လာပါသည်။ လူတို့သည် ကမ္ဘာအနှံခရီးဆန်ခဲ့ကြရာ ၄င်းတို့ရောက်ရှိကြသည့်နေရာတိုင်းတွင် ဆန်၏အကျိုး ကျေးဇူးများ၊ ကောင်းမွန်ပုံများကို တစ်ဦးနှင့်တစ်ဦး မျှဝေခဲ့ကြသည်ဟု ယူဆနိုင်ပါသည်။ ကုန်သွယ်လုပ်ငန်းဆောင်ရွက်သူများအဖို့ ဆန်ရောင်းဝယ်ရေး လုပ်ကိုင်ရန်အတွက် များစွာအခွင့်အရေးရခဲ့ကြသည်။

      စပါးသည် နေရာဒေများစွာတွင် စိုက်ပျိုးဖြစ်ထွန်းသည့်အတွက် ဆန်စားသုံးခြင်းကိုလည်း မူလကတည်းက ဆက်လက်တည်ရှိခဲ့ပါသည်။ ဆန်သည် စွမ်းအင်များစွာကို ထောက်ပံ့ပေးပါသည်။ ထို့အပြင် အရေးကြီးဆုံးအချက်တစ်ခုမှာ ဆန်ကို အချိန်ကြာမြင့်စွာ သိုလှောင်နိုင်ခြင်းပင်ဖြစ်ပါသည်။ သမိုင်းသုတေသီများသည် ၄င်းတို့၏လေ့လာမှုတစ်စိတ် တစ်ပိုင်းအဖြစ် ယဉ်ကျေးမှုနယ်ပယ်အတွင်းသို့ ဆန်ဝင်ရောက်လက်ခံလာသည့် နေရာများကို စာတမ်းပြုစုခဲ့ကြပါသည်။
၁။ တရုတ်နိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့
၂။ တရုတ်နိုင်ငံမှ အိန္ဒိယနိုင်ငံသို့
၃။ ဂရိနိုင်ငံသို့
၎။ မြေထဲပင်လယ် ဘေစင်သို့
၅။ ဥရောပနိုင်ငံများသို့
၆။ အနောက်အာဖရိကသို့
၇။ အနောက်အမေရိကသို့
၈။ ဘရာဇီးနိုင်ငံနှင့်စပိန်နိုင်ငံသို့
၉။ အမေရိကန်အလယ်ပိုင်းနှင့် တောင်အမေရိကသို့….
     ဆန်သည် ဒေသများစွာသို့ ရောက်ရှိခဲ့သည်။ ယခုအခါ ဆန်သည် ယဉ်ကျေးမှု အားလုံးနီးပါး၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေပါသည်။ ထိုကဲ့သို့ ဖြစ်လာရခြင်း၏ အဓိက အကြောင်းရင်းမှာ စပါးသည် အလွယ်တကူ စိုက်ပျိုးနိုင်သောကြောင့် ဖြစ်ပါသည်။
     ဆန်သည် နယ်မြေဒေသအားလုံးနီးပါး၏ ယဉ်ကျေးမှုအတွင်းသို့ဝင်ရောက်လာသော ကြောင့် များစွာသော ရိုးရာဓလေ့များလည်း ဖြစ်ထွန်းပေါ်ပေါက်လာပါသည်။ ၄င်းရိုးရာ ဓလေ့များနှင့် ကျေးလက် ထုံးစံများသည် ဆန်ကို ပိုပြီးစားသုံးချင်စဖွယ်ဖြစ်အောင် ပြုလုပ်ပေး ခဲ့ပါသည်။
  • ဘာလီတွင် ကမ္ဘာမြေကြီးသည် ဆန်ကိုမွေးဖွားပေးခဲ့ပြီး ဘုရားသခင်က ရိုးရာဓလေ့အဖြစ် ပျံ့နှံ့စေသာ အင်ဒရာအဖြစ် အမည် ပေးခဲ့ပါသည်။
  • တရုတ်လူမျိုးတို့သည် ဆန်ကို တိရိစ္ဆာန်မှလူသားတို့ကိုပေးသော လက်ဆောင် အဖြစ် ယူဆကြပါသည်။
  • မင်္ဂလာဆောင်များတွင် ပေါကြွယ်ဝသောအမှတ်သင်္ကေတအဖြစ် ဆန်ကို ကြဲပက်သော ရိုးရာဓလေ့ ထုံးစံ လည်း ယခုအခါ ရှိနေပါသည်။
  • တစ်ချိန်တုန်းက ဂျပန်လူမျိုးများသည် ၄င်းတို့၏၀င်ငွေကို ဆန်တင်းပမာဏဖြင့် တိုင်းတာခဲ့သည်
     ဆန်စပါး၏သမိုင်းသည် ရှည်လျှားလှပါသည်။ စစ်ပွဲများသည် စပါးပင်များကိုဖြတ်လျှက် တိုက်ခိုက်ခဲ့ကြ သည်။ ဆန်သည် စစ်တပ်များကို အရှည်တည်တံ့ရန် ထိန်းသိမ်းထားပြီး မြို့နေလူထုကို အားဖြည့် ပေးခဲ့ပါသည်။ ရှေးယခင်ကတည်းက ဆန်သည် ကြွယ်ဝချမ်းသာမှုကို ထိန်းသိမ်းနိုင်သော ရှေးကျသော နည်းလမ်းများထဲမှတစ်ခုဖြစ်ပြီး လူတို့၏သမိုင်း တစ်လျှောက် အရေးပါသော အစားအစာသီးနှံတစ်ခု ဖြစ်ပါသည်။
 
ဘာသာပြန်
စိုးမိုးဝင်း
မူရင်းဆောင်းပါး
http://www.indepthinfo.com/rice/history.htm